Attention (လူနာစောင့်များသတိပြုရန်)

ကျေးဇူးပြု၍ ရေဆင်းပိုက်ကို ပိတ်စေသော အမှိုက်၊ စားကြွင်းစားကျန်၊ တစ်ရှူး၊ စက္ကူများနှင့် အမျိုးသမီးလစဉ်သုံးပစ္စည်းများကို အမှိုက်ပုံးများအတွင်းသို့ စနစ်တကျ စွန့်ပစ်ပေးပါရန်။

အခန်းကြမ်းခင်းပေါ်သို့ စွန်းထင်းစေသော အရည်များ ဖိတ်ကျပါက သန့်ရှင်းရေးသို့ ချက်ချင်းအကူအညီတောင်းခံပေးပါရန်။ (၀၉ – ၇၅၀၀ ၉၅ ၈၃၂)

အခန်းတွင်း ပစ္စည်းများ နေရာပြောင်းလိုပါက ကောင်တာသို့ အကူအညီတောင်းခံပေးပါရန်။

လျှပ်စစ်နှင့်မီး အန္တရာယ်ကင်းဝေးစေရန် အခန်းတွင်းနှင့် ဆေးရုံဝန်းအတွင်း (လုံးဝ)ဆေးလိပ် သောက်ခြင်း မပြုလုပ်ပါရန်။

ထမင်းပေါင်းအိုး၊ စွပ်ပြုတ်အိုးများ အသုံးမပြုပါရန်။

လျှပ်စစ်မီးပူများ အသုံးမပြုပါရန်။

*** အခန်းတွင်းရှိပစ္စည်းများ ပျက်စီးဆုံးရှုံးမှု၊ အရောင်စွန်းထင်းမှု၊ ပျောက်ဆုံးမှုများ တစ်စုံတစ်ရာဖြစ်ပါက တန်ဖိုးအတိုင်းပေးလျော်ရမည်ဖြစ်ပါသည်။